ဝေဿန္တရာ၏ စိတ်ထား (၁၀) ပါး

၁။ ဒမေ - စက္ခုအစရှိသော ဣန္ဒြေကို ဆုံးမခြင်း၌လည်းကောင်း၊
၂။ သမေ - စက္ခုအစရှိသော ဣန္ဒြေကို ငြိမ်သက်စေခြင်း၌လည်းကောင်း၊
၃။ ခန္တိယံ - သည်းခံခြင်း၌ လည်းကောင်း၊
၄။ သံဝရေ - စောင့်စည်းခြင်း၌လည်းကောင်း၊
၅။ နိယမေ - မြဲစွာ ဆောက်တည်ခြင်း၌လည်းကောင်း၊
၆။ အက္ကောဓေ - အမျက်ဒေါသ မရှိသည်၌လည်းကောင်း၊
၇။ အဝိဟိံသာယံ - သူတပါးကို မညှဉ်းဆဲခြင်း၌လည်းကောင်း၊
၈။ သစ္စေ - မှန်သောစကား၌လည်းကောင်း၊
၉။ သောစေယျ - ဆောက်တည်အပ်သော သီလ၏ စင်ကြယ်ခြင်း၌လည်းကောင်း၊
၁၀။ မေတ္တာယျံ - ချစ်ခြင်း၌လည်းကောင်း။