၁။ မင်းဧကရာဇ်တို့၏ တင့်တယ်ခြင်းကား ပေးကမ်းစွန့်ကြဲခြင်း၊
၂။ စာမရီသားတို့၏ တင့်တယ်ခြင်းကား အမြီးဆံရှိခြင်း၊
၃။ ကေသရာဇာတို့၏ တင့်တယ်ခြင်းကား စွမ်းပကား ရဲရင့်ခြင်း၊
၄။ ဂဠုန်မင်းတို့၏ တင့်တယ်ခြင်းကား စွမ်းပကားရှိခြင်း၊
၅။ ပညာရှိတို့၏ တင့်တယ်ခြင်းကား ပွဲအလယ်၌ အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေဆိုခြင်း၊
၆။ သူရဲကောင်းတို့၏ တင့်တယ်ခြင်းကား စစ်မြေပြင်၌ ရပ်တန့်ခြင်း၊
၇။ ရသေ့ ရဟန်းတို့၏ တင့်တယ်ခြင်းကား မှန်သောစကားကို ဆိုခြင်း။