ဒဏ် (၁၀) ပါး


၁။ ကြမ်းကြုတ်သော ရောဂါဝေဒနာ စွဲကပ်ခြင်း။
၂။ ကိုယ်ပျက်ခြင်း။
၃။ အနာရောက်ခြင်း။
၄။ ရူးသွပ်ခြင်း။
၅။ မင်းဒဏ်သင်ခြင်း။
၆။ ကြီးစွာသော စွပ်စွဲခြင်းကို ခံရခြင်း။
၇။ အဆွေအမျိုးတို့ ပျက်စီးခြင်း။
၈။ စည်းစိမ်ချမ်းသာ ပျက်စီးခြင်း။
၉။ အိမ်ကိုမီးလောင်ခြင်း။
၁၀။ ငရဲလားခြင်း။

တစ်နည်း

၁။ ကြမ်းတမ်းသော ရောဂါဝေဒနာစွဲကပ်ခြင်း။
၂။ ရင်းနှီးသောပစ္စည်းဆုံးတတ်ခြင်း။
၃။ လက်ဖြတ် ခြေဖြတ်ခံရခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း။
၄။ ကန်းနာ ဆွံ့နာ နူနာတို့ စွဲကပ်ခြင်း။
၅။ ရူးသွပ်ခြင်း။
၆။ စည်းစိမ်ကိုလုခြင်း၊ ရာထူးကို နှုတ်ပစ်ခြင်း၊ မင်းဒဏ်တွေ့ရခြင်း။
၇။ မဟုတ်မတရား ကြီးမားသော စွပ်စွဲခြင်းခံရခြင်း။
၈။ မှီခိုလောက်သော ဆွေမျိုးတို့ ဥစ္စာကုန်ခမ်းပျက်စီးခြင်း။
၉။ သိမ်းဆည်းထားသော သက်ရှိသက်မဲ့ပစ္စည်းများ ပျက်စီးခြင်း။
၁၀။ အိမ်ကို ပကတိ လောင်မီးကျ၍ ခဏခဏ လောင်တတ်ခြင်း။