ဒါယကာ ကျင့်ဝတ် (၅) ပါး


၁။ မေတ္တာ စိတ်သက် - မေတ္တာစိတ်နှင့်ယှဉ်၍ ကြည်ညိုခြင်း။ 
၂။ ဆောင်ရွက် ချစ်ခင် - ဆရာရဟန်း၏အမှုတို့ကို ဆောင်ရွက်ပေးခြင်း။ 
၃။ ခင်မင် နှုတ်ချို - နှိမ့်ချသော ဂါရဝစကားနှင့် ချိုသာစွာ အမြဲလျောက်ထားခြင်း။
၄။ လိုလျှင် ဖိတ်ထား - ဆရာရဟန်း၏ အလိုဆန္ဒတို့ကို အမြဲလှူဒါန်းနိုင်အောင် ပစ္စည်းလေးပါးဒါယကာ အဖြစ်ခံယူခြင်း။
၅။ တတ်အား လှူစေ - တတ်အားသမျှ အမြဲလှူဒါန်းခြင်း။
ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။
(သိင်္ဂါလသုတ်)