တရားဂုဏ်တော် (၆) ပါး


၁။ သွာက္ခာတဂုဏ် - တရားတော်သည် အစ၊ အလယ်၊ အဆုံးသုံးပါးသော ကောင်းခြင်းနှင့် ပြည့်စုံ၏။
၂။ သန္ဒိဋ္ဌိကဂုဏ် - အရိယာရှစ်ရပ် ပုဂ္ဂိုလ်မြတ်တို့သာ သိအပ်၏။
၃။ အကာလိကဂုဏ် - မဂ်၏ အခြားမဲ့၌ ဖိုလ်လေးပါးအကျိုးကို အခါမလင့် ပေးတတ်၏။
၄။ ဧဟိပဿိကဂုဏ် - လာလှည့်၊ ရှုလှည့်ဟု အစီအရင်ကို ခံထိုက်၏။
၅။ ဩပနေယျိကဂုဏ် - ပုဆိုးဥသျှောင် မီးစွဲလောင်စေကာမူ မငြိမ်းသတ်ဘဲ မိမိစိတ်၌ ကပ်၍ ဆောင်ထိုက်၏။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိဂုဏ် - ပညာရှိတိဟိတ် ပုဂ္ဂိုလ်တို့သည် အသီးသီး မိမိတို့၏ စိတ်၌ သိမြင်ခံစားအပ်၏။