တာဝတိံသာ သုဓမ္မာ အစည်းအဝေး (၄) ပါး


၁။ ဝဿုပနာယိက သင်္ဂဟတ္တံ - ဝါဆိုသော သံဃာတော်တို့ကို ချမ်းသာစွာ တရားအားထုတ်နိုင်ရေးအတွက် စောင့်ရှောက်ပေးရန်၊ ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌ စည်းဝေးကား တာဝန်ယူကြစေခြင်း။
၂။ ပဝါရဏာသင်္ဂဟတ္တံ - ပဝါရဏပွဲတို့၌ သံဃာတော်များ ချမ်းသာစွာ ပြုနိုင်ရေးအတွက် တာဝန်ပေးရန် အစည်းအဝေးပြုလုပ်ခြင်း။
၃။ ဓမ္မသဝနတ္တံ - တရားနာရန် အလို့ငှာ အစည်းအဝေးကြီး ပြုလုပ်ခြင်း။
၄။ ပါရိစ္ဆတ္တကကိဠာနဘဝနတ္တံ - ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေးပွဲပြုလုပ်ခြင်း။