စျာန်မဂ်ဖိုလ်၏ အန္တရာယ် (၅) ပါး


၁။ ကမ္မန္တရာယ် - တိဟိတ်ဖြစ်သော်လည်း ပဉ္စာနန္တိယကံပြုမိမူကား ဒေဝဒတ်စသော သူတို့ကဲ့သို့ မဂ်ဖိုလ်မရသောသူ။
၂။ ကိလေသန္တရာယ် - ဒိဋ္ဌိအယူကို ယူမိ၍ တိဟိတ်ဖြစ်သော်လည်း မဂ်ဖိုလ်ကို မရထိုက်သောသူ။
၃။ ဝိပါကန္တရာယ် - အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေနေ၍ မဂ်ဖိုလ်မရသူ။
၄။ ဥပဝါဒန္တရာယ် - သူတော်ကောင်းကို ပြစ်မှား၍ မဂ်ဖိုလ်မရသူ။
၅။ အာဏာဝီတိက္ကမန္တရာယ် - ပညတ်တော်ကို ကျူးလွန်မိ၍ အာပတ်သင့်သောကြောင့် မဂ်ဖိုလ်မရထိုက်သူ။ ဒေသနာဂါမ်ကို ဒေသနာကြားသော်ကား လွတ်နိုင်၏။