၁။ ရဟန်းတို့အား ယမန်နေ့က အကပ်ခံအပ်သော ယာဝဇီဝိက ဝတ္ထုကို ဤနေ့ယာဝကာလိကနှင့် ရော၍သုံးဆောင်သော် သဒ္ဓါဓိရက ပါစိတ်သင်သည်ဟု ပညတ်တော်မူပါလျက် သားချိုးဖြင့် သိုမှး၍ ထားသောအကပ်ခံပြီးသောဆားကို နောက်နေ့အခါစားသုံးရန်မရှိခဲ့သော် ဆွမ်းနှင့်ရော၍ သုံးဆောင်ခြင်းငှါအပ်၏။ သန္နိဓိမဖြစ်ဟု အယူရှိသည်။
၂။ နေရိပ် လက်နှစ်သစ် မွန်းလွဲသည်တိုင်အောင် ဆွမ်းစားကောင်း၏ဟု အယူရှိခြင်း။
၃။ ရွတစ်ပါးသို့ သွားလိုသော ရဟန်းသည် ပဝါရိတ်သင်လျက် အတိရိတ်ဝိနည်းကံ မပြုဘဲ ဆွမ်းစားခြင်းသည် အပ်၏ဟု အယူရှိခြင်း။
၄။ တစ်သိမ်တည်း ၌နေလျက် နှစ်စုသုံးစုသော သံဃာတို့သည် ဥပုသ်ပဝါရဏာစသော ကံပြုခြင်းသည် အပ်၏၊ ဝဂ်မဖြစ်ဟု အယူရှိခြင်း။
၅။ မလာသေးသော ရဟန်းတို့၏အလိုကို လာသောအခါမှယူအံ့ဟူ၍ မလာမီက သံဃာ့ကံကို ပြုခြင်းငှါအပ်၏ဟု အယူရှိခြင်း။
၆။ ဥပဇ္ဈာယ်တို့၏ အလေ့အကျင့်ဟူသမျှသည်အပ်၏ဟု အယူရှိခြင်း။
၇။ နိုရည်အဖြစ်မှ နို့ဓမ်းအဖြစ်သို့ လွန်၍ မရောက်သေးသောနို့ကိုဘုဉ်းပေး၍ ပဝါရိတ်မသင့်သော ရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ သုံးဆောင်ခြင်းငှါအပ်၏ဟု အယူရှိခြင်း။
၈။ မရင့်သေးသော အနုကို သောက်ခြင်းငှါ အပ်၏ဟု အယူရှိခြင်း။
၉။ အဆာမရှိသော နိသီဒိုင်သည် အပ်၏ဟု အယူရှိခြင်း။
၁၀။ သံဃာကိုရည်၍ လှူသော ရွှေ ငွေသည် အပ်၏ဟု အယူရှိခြင်း။