တာဝတိံသာရှိ ဥယျာဉ် (၅) ပါး


၁။ နန္ဒဝန် - တာဝတိံသာနတ်တို့၏ အလွန်နှစ်လိုမြူးထူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌ ယူဇနာ(၁၀၀၀)။
၂။ ဖာရုသက - အသူရာတို့ကို ထိုးခုတ်သတ်ဖြတ်အံ့ဟု ကြမ်းကြုတ်သော စကားကိုဆိုရာ ဥယျာဉ်၊ မြို့၏ တောင်မျက်နှာ၌ ယူဇနာ (၇၀၀)။
၃။ စိတ္တလတာ - တာဝတိံသာ နတ်တို့သည် အဝတ်တန်ဆာတို့ကို ဆင်ကုန်သဖြင့် ဆန်းကြယ်စွာ ယာဉ်ရထားတို့ကို စီးကုန်လျက် ထိုဥယျာဉ်သို့ ဝင်ကုန်၏။ အာသာဝတီနွယ်ရှိ၏။မြို့၏ အနောက်မျက်နှာ၌ ယူဇနာ (၅၀၀)ကျယ်၏။
၄။ မိဿက - နတ်သား၊ နတ်သမီးတို့သည် ရောနှောကုန်လျက် ရွှင်မြူးခြင်းရှိကုန်၏။မြို့၏ မြောက်ဘက်မျက်နှာ ယူဇနာ (၅၀၀)။
၅။ မဟာဝန် - ယူဇနာ ငါးဆယ်ရှိသော သုနန္ဒာရေကန်ရှိ၏။ မြို့၏အရှေ့မျက်နှာတွင် ယူဇနာ (၇၀၀)။