ထိမ်းမြားမင်္ဂလာမျိုး (၈) ပါး


၁။ ဗြဟ္မာ = ရာထူးဂုဏ်သိမ် ဓနရှိန်အမျိုးမြတ်တို့အား လေးစားပူဇော်သောအားဖြင့် သမီပေးမင်္ဂလာ ပြုခြင်း။
၂။ ဒဒေယျ = လုပ်ရေးကိုင်တာ၌ ဖြတ်လတ်သေချာ၍သဘောကျကာ သမီးနှင့်ပေးစားသောမင်္ဂလာ။
၃။ ကိရိယာ = သူ၏ပစ္စည်းဘဏ္ဍာရတနာ ရွှေ၊ ငွေ စသည်တို့ကို ယူထားမိ၍ သမီးပေးရခြင်း မင်္ဂလာ။
၄။ ပညာ = လူလိမ္မာပညာရှိအား မိမိသမီးကိုလိမ္မာအောင် သွန်သင်ရန်ရည်မှန်း၍ ပေါင်းသင်းဖို့ ပေးစားလိုက်ခြင်း မင်္ဂလာ။
၅။ အသုတ = သူ၏ လက်ဆောင်ဘဏ္ဍာတွေကို မရအရချူယူပြီး ဆွေမျိုးဉာတိမျှမသိရအောင် သမီးကို လက်သိပ်ထိုး လိုက်ခြင်းမင်္ဂလာ။
၆။ ဂန္တဗ္ဗာ = မိဘနှစ်ဦးနှစ်ဖက် သဘောတူ၍ ကြည်ဖြူစွာ ပေးစားလိုက်ခြင်း မင်္ဂလာ။
၇။ အမ္ဘာဟိတ = နိုင်ထက်ကလူ ဇွတ်အတင်းယူရမည်ဟုညှဉ်းဆဲနှိပ်စက်၍ ပေးစားခြင်းမင်္ဂလာ။
၈။ သာမဿာ = လူငယ်အချင်းချင်း မှောက်မှောက်မှားမှား ချစ်မီးပွား၍ နေသည်ကိုတွေ့ရ၍ ပေးစားခြင်းမင်္ဂလာ။