တဏှာ (၁၀၈) ပါး


လင်္ကာ။ ။ တဏှာ-သုံးတန်၊ တည်ထားပြန်၊ အာ-ကာ-သန်-နှင့် မြှောက်။ တဏှာအစစ်၊ တရာ့ရှစ်၊ တွက်စစ် အမှန်ရောက်။

တဏှာသုံးပါးတည် (၃)
အာရုံခြောက်ပါးနှင့်မြှောက် (၆) = (၁၈)
ကာလသုံးပါးနှင့် မြှောက် (၃) = (၅၄)
သန္တာန်နှစ်ပါးနှင့် ထပ်မြှောက် (၂) = (၁၀၈)
တဏှာအစစ် တရာ့ရှစ် (၁၀၈) ပါး။