တော (၄၀) - သမထ (သို့မဟုတ်) ဝိပဿနာခေါ်


၁။ အနိစ္စတော - ဘဝတခုမှ တခုသို့ ပြောင်းရွှေ့တတ်သော ကြောင့်လည်းကောင်း။
၂။ ပရလောကတော - တပါးသောအခြင်းအရာ ဖြစ်သောကြောင့်လည်းကောင်း။
၃။ စလတော - လောကဓံ တရား ရှစ်ပါးတို့ဖြင့် တုန်လှုပ် တတ်သောကြောင့်လည်းကောင်း ။
၄။ ပဘင်္ဂုတော - အများအားဖြင့် ပျက်စီးတတ်သောကြောင့်လည်းကောင်း ။
၅။ အဓုဝတော - မြဲမြံစွာ မတည့်တတ်သောကြောင့်လည်းကောင်း ။
၆။ ဝိပရိဏာမဓမ္မတော - အို၊ နာ၊ သေခြင်း၊ သဘောဖြင့် ဖောက်ပြန်တတ်သောကြောင့်လည်းကောင်း ။
၇။ အသာရတော - အနှစ်သာရ မရှိခြင်းကြောင့်လည်းကောင်း။
၈။ ဝိဘဝတော - ကုသိုလ်တည်း ဟူသော စီးပွားမှ ကင်းသောကြောင့်လည်းကောင်း ။ 
၉။ သင်္ခတတော - ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့သည် ပြုပြင်တတ်သောကြောင့်လည်းကောင်း ။
၁၀။ မရဏဓမ္မတော - သေတတ်သောကြောင့်လည်းကောင်း။
အနိစ္စတရား (၁၀) ပါးမည်၏။

၁၁။ ဒုက္ခတော - နိဗ္ဗာန်မရသရွေ့ အို၊ နာ၊ သေ၊ မပြတ်နှိပ်စက်သဖြင့် ဆင်းရဲတတ်သောကြောင့်လည်းကောင်း။
၁၂။ ​ရောဂတော - ကိုးဆယ့်ခြောက်ပါး ရောဂါတို့သည် မပြတ်နှိပ်စက်တတ်သောကြောင့်လည်းကောင်း။
၁၃။ ဂဏ္ဍတော - အိုင်းအမာနှင့် တူသောကြောင့်လည်းကောင်း။
၁၄။ သလ္လတော - ကိလေသာတည်းဟူသော ငြောင့်တို့သည် ထိုးကျင်အပ်သောကြောင့်လည်းကောင်း။
၁၅။ အဃတော - မကောင်းမှုတို့သည် ဖြစ်တတ်သောကြောင့်လည်းကောင်း။
၁၆။ အာဗာဓတော - ကျဉ်းမြောင်းနာကျင်ခြင်းလျှင် အကြောင်းရှိသောကြောင့်လည်းကောင်း။
၁၇။ ဤတိတော - အကျိုးမဲ့များစွာဖြစ်၍ ပျက်တတ်သောကြောင့်လည်းကောင်း။
၁၈။ ဥပဒ္ဒဝတော - ဘေးများစွာရောက်၍ ပျက်စီးတတ်သောကြောင့်လည်းကောင်း။
၁၉။ ဘယတော - ဘေးအားဖြင့်လည်းကောင်း။
၂၀။ ဥပသဂ္ဂတော - ကာမဂုဏ်၌ ကပ်ငြိသောအားဖြင့်လည်းကောင်း။
၂၁။ အတာဏတော - မှီခိုရာမရှိသောကြောင့်လည်းကောင်း။
၂၂။ အလေဏတော - မှီကပ်သူတို့အား ပုန်းကွယ်ရာ မရှိသောကြောင့်လည်းကောင်း။
၂၃။ အသရဏတော - သံသရာဘေးမှ လွတ်ခြင်းငှာ ကိုးကွယ်ရာမရှိသောကြောင့်လည်းကောင်း။
၂၄။ အာဒီနဝတော - မကောင်းမှု တည်းဟူသော အပြစ် ဖြစ်တတ်သောကြောင့်လည်းကောင်း။
၂၅။ အဃမူလတော - မကောင်းမှု၏ တည်ရာ မူလဖြစ်သောကြောင့်လည်းကောင်း။
၂၆။ ဝဓကတော - ညှဉ်းဆဲတတ်သောကြောင့်လည်းကောင်း။
၂၇။ အာသဝတော - အာသဝေါတရား လေးပါးတည်းဟူသော ဝဲဩဃ၌ နစ်မွန်းတတ်သောကြောင့်လည်းကောင်း။
၂၈။ မာရာမိသတော - မာရ်တည်းဟူသော သူ၏ အစာ ဖြစ်တတ်သောကြောင့်လည်းကောင်း။
၂၉။ ဇာတိဓမ္မတော - ပဋိသန္ဓေနေရခြင်းနှင့် ယှဉ်တတ်သောကြောင့်လည်းကောင်း။
၃၀။ ဇရာဓမ္မတော - အိုတတ်သောကြောင့်လည်းကောင်း။
၃၁။ ဗျာဓိဓမ္မတာ - နာတတ်သောကြောင့်လည်းကောင်း။
၃၂။ သောကဓမ္မတော - ပူဆွေးတတ်သောကြောင့်လည်းကောင်း။
၃၃။ ပရိဒေဝဓမ္မတော - ငိုကြွေးတတ်သောကြောင့်လည်းကောင်း။
၃၄။ ဥပါယာသဓမ္မတော - သက်ကြီးရှိုက်ငင် ပူပန်တတ်သောကြောင့်လည်းကောင်း။
၃၅။ သံကိလေသိက ဓမ္မတော - ကိလေသာတို့မှ ညစ်ညူးတတ်သောကြောင့်လည်းကောင်း။
ဒုက္ခတရား ( ၂၅ ) ပါး မည်၏ ။

၃၆။ အနတ္တတော - အစိုးရ၏ဟု မမှတ်အပ်သောကြောင့်လည်းကောင်း။
၃၇။ ပရတော - ငါ၏ကိုယ်ဟူ၍ မစီရင်အပ်သောကြောင့်လည်းကောင်း။
၃၈။ ရိတ္တတော - ချမ်းသာတင့်တယ်သောအဖြစ်မှ အချည်းနှီး ဖြစ်တတ်သောကြောင့်လည်းကောင်း။
၃၉။ တုစ္ဆတော - အဓွန့်မရှည် အနည်းငယ်သာတည်တတ်သောကြောင့်လည်းကောင်း။
၄၀။ သုညတော - အစိုးရခြင်း ခံစားခြင်းမှ ကင်းဆိတ်သောကြောင့်လည်းကောင်း။
အနတ္တတရား ( ၅ ) ပါး မည်၏။

အနိစ္စတရား ( ၁၀) ပါး၊ ဒုက္ခတရား ( ၂၅ ) ပါး၊ အနတ္တတရား ( ၅ ) ပါး၊
ပေါင်း ( ၄၀ )
(ပဋိသမ္ဘိဒါမဂ်)