ဒါနအပြား (၈) ပါး


၁။ ဆန္ဒဒါန = ချစ်သောအားဖြင့်ပေးလှူခြင်း။
၂။ ဒေါသဒါန = အမျက်ထွက်၍ ပေးလှူခြင်း။
၃။ မောဟဒါန = ကံ ကံ၏အကျိုးကိုမသိသောအားဖြင့်ပေးလှူခြင်း။
၄။ ဘယဒါန = ကဲ့ရဲ့မည့်ဘေး အပါယ်ဘေးမှ ကြောက်၍လှူခြင်း။
၅။ ကုလဝံသဒါန = ငါတို့ဘိုးဘွား မိဘမှ ဆင်းသက်၍ အစဉ် အလာကိုးကွယ်သောပုဂ္ဂိုလ်၊ဆွေမျိုးဉာတကာတော်သောပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်ကို မလှူဘဲ မနေထိုက်ဟု နှလုံးသွင်း၍ပေးလှူခြင်း။
၆။ သဂ္ဂလောကဒါန = နတ်ပြည်သို့ရောက်ခြင်းငှာ ပေးလှူခြင်း။
၇။ သောမနဿဒါန = စိတ်ကို ဝိပဿနာ တန်ဆာဆင်၍ ပေးလှူခြင်း။
၈။ စိတ္တာလင်္ကာရဒါန = စိတ်ကို နှစ်သက် ဝမ်းမြောက်ခြင်းငှာ ပေးလှူခြင်း။

တစ်နည်း

၁။ အာသဇ္ဇဒါန = ရောက်ဆဲခဏ၌ပေးလှူခြင်း။
၂။ ဘယဒါန = သူတစ်ပါးတို့ကဲ့ရဲ့ရှုတ်ချခြင်းဘေး၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍ ပေးလှူခြင်း။
၃။ အတီတာပေက္ခဒါန =  ငါ့အားပစ္စည်းဝတ္တုကိုပေးဖူးသောသူဟု  နှလုံးသွင်း၍ ပေးလှူခြင်း။
၄။ အနာဂတာပေက္ခဒါန = ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင် ငါ့အားတစ်စုံတစ်ခုသောဝတ္တုပေးလတ္တံ့ဟုနှလုံးသွင်း၍ ပေးလှူခြင်း။
၅။ သာဟုဒါန = ဒါနဟူသည် ပညာရှိတို့ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟုနှလုံးသွင်း ၍ ပေးလှူခြင်း။
၆။ နာရဟဒါန = စားနိုင်သောသူသည် မစားနိုင်သောသူအား(မစားရသူအား။ မပေးဘဲ မနေထိုက်ဟု ပေးလှူခြင်း။
၇။ အဗ္ဘုဂ္ဂစ္ဆဒါန = ဤအလှူကို လှူကို လှူသည် ရှိသော်ကောင်းသော ကျော်စောသံသည် လွှမ်းမိုး၍ တတ်လတ္တံ့ဟု နှလုံးသွင်း၍ ပေးလှူခြင်း။
၈။ စိတ္တာလင်္ကာရဒါန = ဝိပဿနာစိတ်၏ တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။