ဒိဋ္ဌိဓမ္မ အကျိုးပေးသူ (၇) ယောက်


၁။ မာလိကာ ပန်းသည် - မြတ်စွာဘုရားအား မုယောမုန့်လှူရသည့် အကျိုးအားကြောင့် နေ့ချင်းပင် ကောသလဘုရင်ကြီး၏ မိဖုရားကြီးဖြစ်၏။
၂။ ပုဏ္ဏကျွန် - ရာဇဂြိုဟ်သူဌေး၏ လယ်ထွန်ယောက်ျား၊ နိရောဓသမာပတ်မှ ထသော ရှင်သာရိပုတ္တရာအား ဒန်ပူမျက်နှာသစ်ရေလှူရသည့်အတွက် ထယ်စာခဲမှ ရွှေဖြစ်၏။
၃။ ဧကသာဋကပုဏ္ဏား - တစ်ထည်တည်းသော ပုဆိုးကို မြတ်စွာဘုရားအား လှူဒါန်းရသောကြောင့် ပုဆိုးများစွာနှင့် ဆုလာဘ်များ နေ့ချင်းရ၏။
၄။ ပုဏ္ဏာကျွန်မ - အနာထပိဏ်သူဌေး၏ ကျွန်မ၊ မြတ်စွာဘုရားအား ဒေသစာရီ မလှည့်လည်ရန် လျှောက်ထားနိုင်သောကြောင့် ကျွန်စာရင်းမှ လွတ်၍ သူဌေးသမီး နေ့ချင်းဖြစ်၏။
၅။ သုမန ပန်းသည်ယောက်ျား - မြတ်စွာဘုရားကို မြတ်လေးပန်း ရှစ်ဆုပ်လှူရ၍ ထိုနေ့တွင်ပင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံ၏။
၆။ သုပ္ပိယာ ဒါယိကာမ - ဂိလာနရဟန်းအား ပေါင်သားလှီးဟင်းချက်လှူ၍ နှစ်ရက်မြောက် အနာပျောက်၍ ပကတိ အသားကောင်းပြန်ဖြစ်၏။
၇။ ဂေါပလဒေဝီ - မိမိ၏ ဆံပင်အား အသပြာ ရှစ်ကျပ်နှင့် ရောင်း၍ ကစ္စည်းမထေရ်အား ဆွမ်းချက်လှူသဖြင့် မင်း၏ မိဖုရားကြီးဖြစ်၏။ ဆံပင်သည်လည်း ပကတိအတိုင်းပင် ပြန်ရှည်၏။