ညဉ့်နက် မိုးချုပ် လည်ပတ်ခြင်း၏ အပြစ် (၆) ပါး


၁။ မိမိကိုယ်ကို ဘေးအန္တရာယ်မှ လုံခြုံမှု မရှိခြင်း။
၂။ မိမိ၏ သားသမီး သားမယားများကိုလည်း ဘေးအန္တရာယ်မှ လုံခြုံမှုမရှိခြင်း။
၃။ မိမိ၏ စီးပွားဥစ္စာတို့ကိုလည်း ဘေးအန္တရာယ်မှ လုံခြုံမှုမှု မရှိခြင်း။
၄။ အရပ်ထဲ၌ ခိုးမှု၊ လုယက်မှုဖြစ်ပါကလည်း မိမိအပေါ်၌ သံသယဖြစ်ခြင်း။
၅။ သူတစ်ပါး ကျူးလွန်သောအမှု မိမိအပေါ်သို့ ကျရောက်တတ်ခြင်း။
၆။ အမျိုးမျိုးသော ဘေးအန္တရာယ်တစ်ခုခုနှင့် မကြာမီကြုံတွေ့ခြင်း။
(သိင်္ဂါလောဝါဒသုတ်)