ဒုက္ခ (၇) ပါး


၁။ ဒုက္ခ ဒုက္ခ - ဝေဒနာအားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊ ဆင်းရဲလှသော ကာယိကဒုက္ခ၊ စေတသိက ဒုက္ခဆင်းရဲခြင်း၊
၂။ ဝိပရိဏာမ ဒုက္ခ - စည်းစိမ်ချမ်းသာမျိုးတို့ ဖောက်ပြန်ပျက်စီးသောအခါ တွေ့ကြုံခံစားရသော ဆင်းရဲခြင်း၊
၃။ သင်္ခါရ ဒုက္ခ - ခန္ဓာ နာမ်ရုပ်စသော သင်္ခါရတရားဟူသမျှတို့သည် တစ်ခုပျက်လျှင် တစ်ခုဖြစ်အောင် ရွက်ဆောင်ကြိုးစား အားထုတ်ပြုပြင်ရသော ဆင်းရဲခြင်း၊
၄။ ပဋိစ္ဆန္န ဒုက္ခ - နားကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ ရာဂကြောင့် ပူလောင်ခြင်း၊ ဒေါသကြောင့် ပူလောင်ခြင်းစသော ကိုယ်၌ ဖြစ်သောအနာ၊ စိတ်၌ ဖြစ်သောအနာရောဂါ၊ ၎င်းတို့ကို မေးကြည့်မှ သိနိုင်သောကြောင့် ပဋိစ္ဆန္နဒုက္ခ မည်၏။
၅။ အပ္ပဋိစ္ဆန္န ဒုက္ခ - (၃၂) ပါးသော ကမ္မကရဏအမှု စသည်တို့ကြောင့်ဖြစ်သော အနာရောဂါ၊ ၎င်းတို့ကို မမေးဘဲနှင့် သိနိုင်သောကြောင့် အပ္ပဋိစ္ဆန္န ဒုက္ခ မည်၏။
၆။ ပရိယာယ ဒုက္ခ - ဒုက္ခစင်စစ် ဧကန်ဖြစ်သော ဒုက္ခ ဒုက္ခတစ်ခုကို ချန်ထား၍ ကျန်သော ဝိပရိဏာမ ဒုက္ခ၊ သင်္ခါရဒုက္ခ၊ ပဋိစ္ဆန္န ဒုက္ခ၊ အပ္ပဋိစ္ဆန္န ဒုက္ခမျိုးသည် လည်းကောင်း၊ ဇာတိ ဇရာ ဗျာဓိ မရဏ စသော ဒုက္ခမျိုးသည်လည်းကောင်း၊ ဒုက္ခစင်စစ်မဟုတ်သော်လည်း အမျိုးမျိုး အဖုံဖုံသော ဆင်းရဲဒုက္ခတို့၏ အကြောင်းဝတ္ထုဖြစ်သောကြောင့် ဆင်းရဲခြင်း၊
၇။ နိပ္ပရိယာယ ဒုက္ခ - ဒုက္ခ ဒုက္ခကိုကား ဘယ်နည်းနှင့်မျှ ရှောင်လွှဲ၍မရသောကြောင့် ဆင်းရဲခြင်း။