ဆဲရေးတတ်သော ရဟန်း၏ ပျက်စီးခြင်း (၁၁) မျိုး


၁။ မရသေးသည့် ကျေးဇူးတရားကိုမရ။
၂။ ရပြီးသောကျေးဇူးတရားကို ယုတ်လျော့စေ၏။
၃။ ထိုရဟန်း၏သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်။
၄။ သူတော်ကောင်းတရားတို့၌လည်း အထင်ကြီးသူ ဖြစ်၏။
၅။ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်သုံးရ၏။
၆။ ညစ်နွမ်းသော အာပတ်အမျိုးမျိုးသို့ရောက်၏။
၇။ သိက္ခာချ၍သော်လည်း လူထွက်ရ၏။
၈။ ဆေးကုခက်ပြင်းပြသော အနာရောဂါ နာကျင်ကပ်ရောက်တတ်၏။
၉။ ရူးသွပ်ခြင်း စိတ်ပျုံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏။
၁၀။ တွေတွေဝေဝေ ကွယ်လွန်ရ၏။
၁၁။ ကွယ်လွန်သောအခါ ဖရိုဖရဲ အပါယ်ငရဲသို့ ကျရောက်ရ၏။
(ဧကာဒသက အင်္ဂုတ္ထိုရ်၊ ၁-နိရယဝဂ်၊ ဗျသနသုတ်)