ဒေဝဒတ်က ဘုရားရှင်ထံ ဂရုက အာပတ်အဖြစ် ပညတ်တော်မူပါဟု လျှောက်သော အကြောင်း (၅) ပါး


၁။ ရဟန်းတို့ အသက်ရှည် သမျှ ကာလပတ်လုံး အရညကင် ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာအနီးကျောင်း၌ နေက ဂရုကအာပတ်သင့်စေရန်။
၂။ ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ပို့လာသော ဖိတ်သောဆွမ်းကိုစားက ဂရုကအာပတ်သင့်စေရန်။
၃။ ရဟန်းတို့ သုဿန်သင်္ချိုင်းကရသော ပံ့သကူသင်္ကန်းကိုသာ ဝတ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကို ဝတ်က ဂရုကအာပတ်သင့်စေရန်။
၄။ ရဟန်းတို့ သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်အောက်၌ ရုက္ခမူသာနေပါစေ၊ ဒါယကာတို့လှူသော ကျောင်း၌ နေက ဂရုကအာပတ် သင့်စေရန်။
၅။ ရဟန်းတို့ ငါးအမဲကို မသုံးဆောင်ဘဲ သက်သက်လွတ်သာ စားပါစေ၊ ငါးအမဲစားက ဂရုကအာပတ်သင့်ပါစေ။