တိတ္ထိတို့ ရဟန်းပြုလိုသော် ပေးရမည့် ဝတ်အကျင့် (၈) ပါး


၁။ အလွန်စောစွာ ရွာတွင်းသို့ မဝင်ရ၊ အလွန်နေမမြင့်မီ ကျောင်းသို့အရောက် ပြန်လာရမည်။
၂။ မကျက်စား အရောတဝင်မပြုရသော ပြည့်တံဆာမ၊ မုဆိုးမ၊ အပျိုးဟိုင်းကြီး၊ ပဏ္ဍုက်၊ ရဟန်းမတို့နှင့် ရောနှောစွာမဆက်ဆံရချင်း။
၃။ သီတင်းသုံးဖော်တို့၏ ကိစ္စကြီးငယ်တို့ကို အလိုက်သိစွာ ပြုလုပ် ဆောင်ရွက်ပေးရခြင်း။
၄။ သီလ သမာဓိ ပညာကို လိုလားဆန္ဒကြီးစွာဖြင့် ပါဠိ အနက်အဓိပ္ပာယ်တို့ကို သင်ယူမေးမြန်းခြင်း ဆွေးနွေးရခြင်း။
၅။ တိတ္ထိတို့၏ အမှားဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုနှစ်သက်စွာ လက်ခံပြောကြားရခြင်း။
၆။ တိတ္ထိတို့၏ အမှားဂုဏ်ကျေးဇူးကို ပြေဆိုစကား၌ မနှစ်သက်လက်မခံ ရခြင်း။
၇။ ဘုရား တရား သံဃာတို့တော်၏ ကျေးဇူးများကို ကဲ့ရဲ့ပြေကြားသောစကား၌ မနှစ်သက်လက်မခံ ရခြင်း။
၈။ ရတနာသုံပါး၏ ဂုဏ်ကျေးဇူးစကားတို့ကို ချီးမွမ်းပြောကြားရခြင်း နှစ်သက်စွာလက်ခံရခြင်း။