ဇာတ်ကြီး (၁၀) စောင် ( ဇာတက = ရှေးဘဝအဖြစ် )


၁။ တေမိဇာတ် = မြတ်စွာဘုရားတောထွက်တော်မူခြင်းကို အကြောင်းပြု၍ မင်းဧကရာဇ်လုပ်ခဲ့ရသဖြင့် ငရဲတွင် နစ်ခဲ့ရကြောင်း နောင်တတရားရရှိကြောက်ရွံ့၍ တစ်ဆယ့်ခုနစ်နှစ်ကာလပတ်လုံး စကားမပြော တုဏှိဘောနေပြီးလျှင် တောထွက်ခြင်းအကြောင်းကို ဟောသည်။
၂။ ဇနက = မြတ်စွာဘုရား တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ယောက်ျားကောင်းတို့၏ လုံ့လဝီရိယကြောင့် ပင်လယ်တွင်း သင်္ဘောပျက်ရာမှ ခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ရရှိပြီးနောက်သရက်နှစ်ပင်၏ အခြင်းအရာကို သံဝေဂယူ၍ တောထွက်တော်မူခြင်း အကြောင်းကို ဟောတော်မူသည်။
၃။ သုဝဏ္ဏသျှံ = ( သုဝဏ္ဏသာမ ) အမိ အဘ တို့ကိုဆွမ်းခံလုပ်ကျွေးသော ရဟန်းကိုအကြောင်းပြု၍ သုဝဏ္ဏသျှ ရသေ့ဘဝဖြစ်စဉ် မျက်မမြင်မိဘတို့အား လုပ်ကျွေးခဲ့ကြောင်း ဟောတော်မူသည်။
၄။ နေမိ = ဝိဒေဟရာဇ်တိုင်း မိထိလာပြည်ကြီး၌ တရားသဘင်ကြီးစွာဖြစ်မည်ကို မြင်တော်မူ၍ ဟောတော်မူသည်။
၅။ မဟော်သဓာ = မြတ်စွာဘုရား၏ ပညာပါရမီတော်ကို ချီးမွမ်းသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
၆။ ဘူရိဒတ် = သီလဆောက်တည်သော သီတင်းသည်တို့ကို အကြောင်းပြု၍ မြေကြီးကဲ့သို့ သည်းခံခဲ့ကြောင်း ဟောတော်မူသည်။
၇။ စန္ဒကုမာရ = ဒေဝဒတ်သည် ဘုရားကိုသတ်၍ မိမိကိုယ်တိုင် ဘုရားဖြစ်လိုကြောင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
၈။ နာရဒ = ဥရုဝေလကဿပတို့၏ မှားသောအယူပျက်သည်ကို ချီးမွမ်းကြသည်ကို အကြောင်းပြု၍ ဟောတော်မူသည်။
၉။ ဝိဓူရ = မြတ်စွာဘုရားသည် မသူတော်တို့၏ အယူကို ဖျက်ဆီး၍ နိဗ္ဗာန်လမ်းခရီး ညွှန်ကြားနိုင်ကြောင်း ရဟန်းတို့ကချီးမွမ်းကြသဖြင့် ၎င်းကို ဟောတော်မူသည်။
၁၀။ ဝေဿန္တရာ = ပေက္ခရဝဿ မိုးရွာခြင်းကို အကြောင်းပြု၍ တွန့်တိုခြင်းမရှိ ရက်ရောစွာပေးလှူခဲ့ကြောင်းကို ဟောတော်မူသည်။
လင်္ကာ။   ။ တေ ဇ သု နေ မ ဘူ စံ နာ ဝိ ဝေ။