ဆရာတို့၏ ဂုဏ် (၂၅) ပါး


၁။ အခါခပ်သိမ်း စောင့်ရှောက်ခြင်းကို ဖြစ်စေအပ်၏၊
၂။ မှီဝဲအပ်သည် မမှီဝဲအပ်သည်ကို သိအပ်၏၊
၃။ မေ့လျော့သည် မမေ့လျော့သည်ကို သိအပ်၏၊
၄။ အိပ်ရာနေရာကို သိအပ်၏၊
၅။ အနာရှိသည်ကို သိအပ်၏၊
၆။ ဘောဇဉ်ရအပ်သည် မရအပ်သည်ကို သိအပ်၏၊
၇။ အထူးမရှိသည်ကို သိအပ်၏၊
၈။ အစာကို ကောင်းမွန်စွာ ဝေဖန်အပ်၏၊
၉။ အကျိုးစီးပွား၌ သက်သာရာကို ရစေအပ်၏၊
၁၀။ ကောင်းသော အလုပ်အကျွေးကို သိအပ်၏၊
၁၁။ အစာရှာမှီးခြင်း၌ အလုပ်အကျွေးကို သိအပ်၏၊
၁၂။ နေရာအရပ်၌ အလုပ်အကျွေးကို လည်း သိအပ်၏၊
၁၃။ ဆရာသည် တပည့်နှင့် ရယ်မူကို မပြုအပ်၊
၁၄။ တပည့်နှင့် အကျွမ်းတဝင် မပြုအပ်၊
၁၅။ တပည့်၏ အပြစ်ကို မြင်သော်လည်း သည်းခံအပ်၏၊
၁၆။ တပည့်ကို အရိုအသေပြုသည် မဖြစ်ရာ၊
၁၇။ အတတ်ကို လျှို့ဝှက်သဖြင့် ပြုရာ၏၊
၁၈။ အတတ်ကို အကြွင်းမထားသဖြင့် ဖြစ်ရာ၏၊
၁၉။ ငါ၏ အတတ်ကို သိစေအံ့ဟု သိစေချင်သော စိတ်ကို ဖြစ်ရာ၏၊
၂၀။ အဘယ်သို့လျှင် ဤတပည့်သည် အတတ်ပညာမှ မမေ့မလျော့ ဖြစ်အံ့ဟု ပွားသောစိတ်ကို ဖြစ်စေအပ်၏၊
၂၁။ ဤတပည့်ကို သင်ကြားအပ်သော အစွမ်းသတ္တိဖြင့် အားကြီးသည်ကို ပြုအံ့ဟု စိတ်ကို ဖြစ်စေအပ်၏၊
၂၂။ မေတ္တာစိတ်ကို ဖြစ်စေအပ်၏၊
၂၃။ ဘေးရန်ရှိသော ကာလတို့၌ မစွန့်အပ်၊
၂၄။ အမှုကိစ္စပြုဖွယ်၌ မမေ့လျော့အပ်၊
၂၅။ တပည့်သည် မေ့လျော့မှားယွင်းတတ်သော် တရားနှင့် လျော်သဖြင့် ချီးမြှောက်အပ်၏။