တပည့်ကျင့်ဝတ် (၅) ပါး


၁။ ညီညာထကြွ၊
၂။ ဆုံးမနာယူ၊
၃။ လာမူကြိုဆီး၊
၄။ ထံနီး လုပ်ကျွေး၊
၅။ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

တစ်နည်း

၁။ ဆရာ၏ အမှုတို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း။
၂။ ဆိုဆုံးမသော ဆရာစကားကို ရိုသေစွာနာယူခြင်း။
၃။ ဆရာ ရောက်လာသောအခါ ကြိုဆိုပြုစုခြင်း။
၄။ ဆရာ့အနားဝယ် နေသောအခါလည်း ခြေဆုပ် လက်နယ်လုပ်ကျွေးခြင်း။
၅။ သင်ပြသော ပညာများကို သင်အံလေ့ကျက် ရွတ်ဖတ်ခြင်း။