ဇမ္ဗူဒိပ်တကျွန်းလုံးကြားနိုင်သော အသံကြီး (၄) မျိုး


၁။ ပုဏ္ဏကဘီလူး ကြွေအန်နိုင်သော အခါတွင် နိုင်ပြီဟု ကြွေးကြော်သော အသံ။
၂။ ကဿပဘုရားရှင် သာသနာတော် ကွယ်လွန်ပြီးနောက် မာတလိနတ်သားကို ခွေးယောင်ဆောင်၍ သိကြားမင်းက မုဆိုးယောင်ဆောင်ကာ မတရားသူတို့ကို စားလို၍ ဟောင်သောအသံ။
၃။ ပဘာဝတီ မင်းသမီးကို ရလို၍ (၇) ပြည်ထောင်သော မင်းတို့ စစ်ချီလာရာတွင် ပဘာဝတီ မင်းသမီးကို ဆင်ပေါ်တင်၍ အလောင်းတော်ကုသမင်းသည် ခြင်္သေ့မင်းကဲ့သို့  ငါကုသမင်းကြီးဟု ကြိမ်းဝါးသောအသံ။
၄။ အာဠာဝကဘီလူး ဘုံဗိမာန်တွင် ဘုရားရှင်နေထိုင်သည်ဟု ကြား၍ အာဠာဝကဘီလူးက ဒေါသထွက်ပြီး ကြိမ်းဝါးသော အသံ။
(သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ)