ဒေသစာရီ (၃) ပါး


၁။ မဟာမဏ္ဍလဒေသစာရီ - သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့၌ ရဟန်းတော်များ ခြံရံကာ ထိုထိုမြို့ရွာ နိဂုံးတို့သို့ တရားဓမ္မ ဟောပြဆုံးမတော်မူခြင်း၊ ပစ္စည်းလေးပါး အလှူခံကာ ချီးမြှောက်တော်မူခြင်းတို့ဖြင့် ကိုးလတိုင်တိုင် လှည့်လည်တော်မူ၍ ဝါဆိုခါနီးမှ သင့်​တော်ရာကျောင်း၌ ဝါကပ်တော်မူခြင်းမျိုး။
၂။ မဇ္ဈိမမဏ္ဍလဒေသစာရီ - တပည့်သာဝကသံဃာတို့ သမထ ဝိပဿနာဉာဏ် နုသေးသည်ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ကျမှ အထက်ပါနည်းအတိုင်း ရှစ်လတိုင်တိုင် လှည့်လည်ကြွချီတော်မူခြင်းမျိုး။
၃။ အန္တိမမဏ္ဍလဒေသစာရီ - ချွတ်ထိုက်သော သတ္တဝါတို့ ဣန္ဒြေနုသေးသည်ဖြစ်အံ့၊ ဝါဆိုရာဌာန၌ပင် နတ်တော်လပြည့်ထိအောင် ငံ့လင့်တော်မူ၍ အထက်ပါနည်းအတိုင်း နတ်တော်လပြည့်ကျော် တစ်ရက်နေ့မှစတင်၍ ချီကြွတော်မူရာ ခုနစ်လပတ်လုံး ကြွခြင်းမျိုး ဖြစ်သည်။