ဒေသနာ (၃) ပါး


၁။ အာဏာဒေသနာ - အာဏာဖြင့် ဆုံးမပညတ်အပ်သော ဝိနည်းပိဋကတ်။
၂။ ဝေါဟာရ ဒေသနာ - ဝေါဟာရဖြင့် ဟောတော်မူအပ်သော သုတ္တန်ပိဋကတ်။
၃။ ပရမတ္ထ ဒေသနာ - ပရမတ္ထအားဖြင့် ဟောတော်မူသော အဘိဓမ္မာပိဋကတ်။

တစ်နည်း

၁။ အဿာဒ ဒေသနာ - လောကီဘက်၌ ခင်မင်ဖွယ် သုခချမ်းသာတို့ကို ဟောခြင်းတရား။
၂။ အာဒီနဝ ဒေသနာ - လောကီဘက်၌ ထိတ်လန့်ဖွယ် ဒုက္ခဆင်းရဲတို့ကို ဟောခြင်းတရား။
၃။  နိဿရဏ ဒေသနာ - လောကီဘက်မှ ထွက်မြောက်ရာနည်းလမ်းတို့ကို ဟောခြင်းတရား။