ဒေသနာကို ဖတ်နာရသည့်အတွက် အကျိုးမဖြစ် အပြစ်သာရှိသူ (၅) ဦး


၁။ အသဒ္ဓဿ သဒ္ဓကထာ ဒုကထာ - သဒ္ဓါ ယုံကြည်ခြင်းမရှိသူအား သဒ္ဓါ၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားသည် မကောင်းသောစကားဖြစ်၏။
၂။ ဒုဿီလဿ သီလကထာ ဒုကထာ - သီလမရှိသူအား သီလ၏ကျေးဇူးစကားသည် မကောင်း။
၃။ အပ္ပသုတဿဗဟုသုတကထာ ဒုကထာ - အကြားအမြင်နည်းပါးသောသူအား ၎င်း၏ ကျေးဇူးနှင့်စပ်သော စကားသည်မကောင်း။
၄။ မစ္ဆရိယဿ စာဂကထာ ဒုကထာ - မလှူဒါန်း မပေးကမ်းလို ဝန်တိုပိတ်ပင်ခြင်း။
၅။ ဒုပ္ပညဿ ပညာကထာ ဒုကထာ - ပညာမရှိသော သူအား ပညာ၏ ကျေးဇူးနှင့် စပ်သော စကားသည် မကောင်း။