အဓိဒေဝ ဉာဏဒသနဿတရား (၈) ပါး

၁။ နတ်တို့၏ ရောင်အဝါကို သိစွမ်းနိုင်ခြင်း။
၂။ နတ်တို့၏ အဆင်းကို မြင်စွမ်းနိုင်ခြင်း။
၃။ နတ်တို့နှင့်အတူ နှီးနှောပြောဆိုနိုင်ခြင်း။
၄။ လာသောနတ်တို့၏ အမျိုးအမည် ဘုံဌာနကို သိစွမ်းနိုင်ခြင်း။
၅။ ဖြစ်လာကြသောနတ်တို့၏ ဘဝရှေးကံ အကြေင်းရင်းကိုသိစွမ်းနိုင်ခြင်း။
၆။ နတ်တို့၏ အစာအဟာရ ခံစားစံစားမှု ကိစ္စအဝဝ တို့ကိုသိစွမ်းနိုင်ခြင်း။
၇။ နတ်တို့၏ ဘုံဌာနအလိုက် မည်၍မည်မျှ တည်နေနိုင်ကြောင်း သက်တမ်း အစားအစာကို ပိုင်းခြား၍ သိစွမ်းနိုင်ခြင်း။
၈။ မိမိသည် ဤနတ်တို့နှင့် ရှေးဘဝက အတူတကွနေထိုင်ခဲ့ဖူးသည်၊ မနေခဲ့ဖူးသည်တို့ကို သိစွမ်းနိုင်ခြင်း။