ဆက်စပ်လို့ မရသော အရာ (၄) မျိုး


၁။ ကောင်းကင်နှင့် မြေကြီးသည် ဆက်စပ်လို့မရ ။
၂။ သမုဒ္ဒရာ ဤမှာ ဘက်ကမ်းနှင့် ထိုမှာ ဘက်ကမ်းတို့သည် ဆက်စပ်လို့မရ။
၃။ နေထွက်ရာ အရပ်နှင့် နေဝင်ရာအရပ်သည် ဆက်စပ်လို့မရ။
၄။ သူတော်ကောင်းတရားနှင့် မသူတော်တရားသည် ဆက်စပ်လို့မရ။
(စတုက္က အင်္ဂုတ္တိုရ် သုဝိဒူရသုတ်)