စကားကြီး (၁၀) ခွန်း


၁။ ရေကူးညာတင် - လိုသည်ထက် ပို၍ပြောသောစကား။
၂။ ကောက်ပင်ရိတ်လှီး - တခွန်းတည်းနှင့် အပိုင်ပြောသည့်စကား။
၃။ ရေစီးဖောင်ဆန် - စကားပြောရာ၌ လက်ဝင်ပင်ပန်းသောစကား။
၄။ အိုးတန်ဆန်ခပ် - တဖက်လူနှင့် တန်သလောက် ပြေသောစကား။
၅။ ဆီပွတ်ကျည်ပွေ့ - တဖြေးဖြေး ကိုယ့်ဖက်ပါအောင် ပက်ချွဲ နပ်ချွဲပြောသောစကား။
၆။ ဆင်ဝှေ့ရန်ရှောင် - ထမင်းရေပူလာ လျှာလွှဲတာဝန်ရှောင်သောစကား။
၇။ တောင်သူယာခုတ် - အခြေခံကို ပထမပြော၍ လိုရာကို နောက်မှပြောသောစကား။
၈။ ကြက်ဆုတ်ခွပ်ပစ် - မိမိအသာစီးရသည့်အခါ အပိုင်ပြောသောနည်း။
၉။ ရေစစ်ကရား - စကားအကုန်ပြောနည်း။
၁၀။ ခက်တင်မောင်းနင်း - မတင်မကျစကား။