အနာဂါမ် ပုဂ္ဂိုလ် (၅) မျိုး


၁။ သုဒ္ဓါဝါသ ငါးဘုံတွင် မိမိရောက်ရာ ဘုံ၏ အသက် အပိုင်းအခြား ရှေ့ထက်ဝက်တွင် ရဟန္တာဖြစ်သော အနာဂါမ်။
၂။ သုဒ္ဓါဝါသ ငါးဘုံတွင် မိမိရောက်ရာ ဘုံ၏ အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ ဆင်းဆင်းရဲရဲ အလွန်လုံ့လမပြုဘဲ ကိလေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၄။ ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိလေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ သုဒ္ဓဝါသ ငါးဘုံတို့တွင် အောက်အောက်သော ဘုံတို့၌ အရဟတ္တမဂ်ကို မရမူ၍ အထက်ဆုံးအကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ်။