စစ်၏အင်္ဂါ (၇) ပါး


၁။ ကောဋိမူလဗျူဟာ - စစ်ဖျားစစ်လျင်၊ ဗိုလ်မှူး ဗိုလ်ချုပ် စစ်ကဲ နာခံ သံဆင့်တို့နှင့်တကွ တပ်တစ်တပ် ဖွဲ့စည်း၍ ရှေ့ဖျားက ချီတက်ပြီးလျှင် ရန်သူတို့ကို ကင်းထောက်ခြင်း၊
၂။ ဥရဗျူဟာ - စစ်၏ရင်ဝ၊ ဗိုလ်ပါ အင်အားများစွာနှင့် စစ်ဖျား စစ်လျင်၏နောက် မလှမ်းမကမ်းမှ ထက်ချပ်လိုက်ပါရသောတပ်၊
၃။ ကစ္ဆဗျူဟာ - စစ်၏ပခုံး၊ စစ်ဖျားစစ်လျင်၏ နှစ်ဆအင်အားများ၍ တစ်တပ်မှာ စစ်ရင်ဝ၏ လက်ဝဲ၊ တစ်တပ်မှာ လက်ယာအားဖြင့် မလှမ်းမကမ်းမှ လိုက်ရသောတပ်၊
၄။ ပဿဗျူဟာ - စစ်၏နံပါး၊ တပ်နှစ်တပ်ဖွဲ့၍ တစ်တပ်တစ်တပ်၌ စစ်ရင်ဝဖြစ်သောတပ်နှင့် ဗိုလ်ပါအင်အားချင်း တူမျှလျက် စစ်ဝမ်းဖြစ်သော တပ်မကြီး၏ လက်ဝဲလက်ယာ မလှမ်းမကမ်းမှ လိုက်ရသောတပ်၊
၅။ မဇ္ဈဗျူဟာ - စစ်၏ဝမ်း၊ ဗိုလ်ပါအင်အားကို စစ်၏ရင်ဝထက် ပိုမိုများပြားစေပြီးလျှင် စစ်၏ ရင်ဝနောက်မှ တည့်တည့်နေရသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် စစ်ထွက်လျှင် ဤစစ်ဝမ်းမှာပင် နေရသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် မထွက်ဘဲ အိမ်ရှေ့မင်းထွက်သော် အိမ်ရှေ့မင်း၊ သို့မဟုတ်မှ စစ်သူကြီး နေရသည်။
၆။ ပိဋ္ဌိဗျူဟာ - စစ်၏ကျောက်ကုန်း၊ ဗိုလ်ပါအင်အားမှာ စစ်ရင်ဝ၊ စစ်နံပါးတို့ထက် အနည်းငယ် ပိုမိုများပြားစေ၍ တပ်တစ်တပ် ဖွဲ့စည်းပြီးလျှင် စစ်၏ ဝမ်းဖြစ်သော တပ်မကြီး၏ နောက်တည့်တည့်မှ မလှမ်းမကမ်း လိုက်ရသောတပ်၊
၇။ ပဋိဂ္ဂဟဗျူဟာ - စစ်ခံတပ်၊ ဗိုလ်ပါအင်အား များနိုင်သမျှ များ၍ စစ်၏ ကျောက်ကုန်း နောက်တည့်တည့်မှ မလှမ်းမကမ်း လိုက်ရသောတပ်။