အာဝေဏိကဂုဏ်တော် (၁၈) ပါး


၁။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော် အပ္ပဋိဟတံဉာဏံ - လွန်လေပြီးသော အတိတ်တရားတို့၌ အပိတ်အပင်မရှိ သိတော်မူသော ဉာဏ်တော်လည်း တစ်ပါး။
၂။ အနာဂတံသေ .... - လာလေတသော အနာဂတ်တရားတို့၌ အပိတ်အပင်မရှိ သိတော်မူသော ဉာဏ်တော်လည်း တစ်ပါး။
၃။ ပစ္စုပ္ပန္နံသေ .... - မျက်မှောက် ပစ္စုပ္ပန် တရားတို့၌ အပိတ်အပင်မရှိ သိတော်မူသော ဉာဏ်တော်လည်း တစ်ပါး။
၄။ သဗ္ဗံကာယကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနု ပရိဝတ္တံ - ကာယကံ သုံးပါးသည် ဉာဏ်တော်လျှင် ရှေ့သွားရှိသည် ဖြစ်၍ ဉာဏ်တော် နောက်သို့ အစဉ်လိုက်သည်လည်း တစ်ပါး။
၅။ သဗ္ဗံဝစီကမ္မံ .... - ဝစီကံလေးပါးသည် ဉာဏ်တော်လျှင် ရှေ့သွားရှိသည်ဖြစ်၍  ဉာဏ်တော် နောက်သို့ အစဉ်လိုက်သည်လည်း တစ်ပါး။
၆။ သဗ္ဗံမနောကမ္မံ .... - မနောကံ သုံးပါးသည် ဉာဏ်တော်လျှင်  ဉာဏ်တော် နောက်သို့ အစဉ်လိုက်သည်လည်း တစ်ပါး။
၇။ နတ္ထိဆန္ဒဿဟာနိ - ကောင်းသော အလိုဆန္ဒတော်၏ ယုတ်လျော့ခြင်း မရှိသည်လည်း တစ်ပါး။
၈။ နတ္ထိဝီရိယဿဟာနိ - ဓမ္မဒေသနာတော်၏ ယုတ်လျော့ခြင်း မရှိသည်လည်း တစ်ပါး။
၉။ နတ္ထိသမာဓိဿဟာနိ - အားထုတ် လုံ့လ ဝီရိယတော် ၏ ယုတ်လျော့ခြင်း မရှိသည်လည်း တစ်ပါး။
၁၀။ နတ္ထိပညာယဟာနိ - တည်ကြည်တော်မူသော သမာဓိတော်၏ ယုတ်လျော့ခြင်း မရှိသည်လည်း တစ်ပါး။
၁၁။ နတ္ထိဓမ္မဒေသနာယဟာနိ - ဝိပဿနာ ဉာဏ်တော်၏ ယုတ်လျော့ခြင်း မရှိသည်လည်း တစ်ပါး။
၁၂။ နတ္ထိဝိမုတ္တိယာဟာနိ - ဝိမုတ္တိဖြစ်သော အရဟတ္တဖိုလ်ဉာဏ်၏ ယုတ်လျော့ခြင်း မရှိသည် လည်း တစ်ပါး။
၁၃။ နတ္ထိဒဝါ - ကစားမြူးထူးသောလိုသော စိတ်တော် မရှိသည်လည်းတစ်ပါး
၁၄။ နတ္ထိရဝါ - သတိလက်လွတ်၍ ပြောဆိုမိသော စကားမရှိသည်လည်း တစ်ပါး။
၁၅။ နတ္ထိအဖုဋံ - ဉာဏ်တော်ဖြင့် မသိ၍ ကျန်ရစ်ခဲ့သော တရားတော်မရှိသည်လည်း တစ်ပါး။
၁၆။ နတ္ထိ ဝေဂါယိတတ္တံ - မဆင်မခြင် လျင်မြန်စွာပြုလုပ်ပြောဆိုခြင်း မရှိသည်လည်း တစ်ပါး။
၁၇။ နတ္ထိအဗျာဝဋမနော - သတ္တဝါတို့ အကျိုးစီးပွားနှင့် စပ်လျဉ်း၍ နှောင့်နှေး တွန့်တိုသော စိတ်နှလုံး မရှိသည်လည်း တစ်ပါး။
၁၈။ နတ္ထိအပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်တော်ဖြင့် မစူးစမ်း မဆင်ခြင်ဘဲ လျစ်လျူရှုခြင်း မရှိသည်လည်း တစ်ပါး။
(ဓာရဏပရိတ်)