ကထာ (၄) ရပ်


၁။ ဒါနကထာ - ပေးကမ်းစွန့်ကြဲခြင်းတို့သည် အယုတ်၊ အလတ်၊ အမြတ် အားလျော်စွာ ဒါနကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ။
၂။ သီလကထာ - မကောင်းမှုဖြစ်သော ကိုယ်၊ နှုတ်တို့ ရှောင်ကြဉ်လျှင် သီလကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ။
၃။ သမာဓိကထာ - ကိလေသာအာရုံ ကာမဂုဏ်တို့မှ စိတ်ကို ကင်းလွတ်စေ၍ တစ်ခုသော ကမ္မဋ္ဌာန်း အာရုံ အေးမြချမ်းသာတည်ကြည်စွာနေလျှင် သမာဓိ သမထ ကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ။
၄။ ပညာကထာ - ပရမထ္ထအမှန် ရုပ်နာမ်ကို အကောင်မထင် လက္ခဏာရေးတင်၍ ဝိပဿနာရှုရမည်ကို ဟောတော်မူသော ဒေသနာ။