ဥပါသကာ၏ ဂုဏ်အင်္ဂါ (၇) ပါး


၁။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်အရှင်မြတ်တို့အား ဖူးမြင်ခြင်းမှ မယုတ်လျော့ခြင်း၊
၂။ သူတော်ကောင်းတို့ ဟောကြားညွှန်ပြ ဆိုဆုံးမသော တရားစကားကို နာယူခြင်း၌ မမေ့လျော့ခြင်း၊
၃။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလျက် ရှစ်ပါး၊ ဆယ်ပါးစသော သီလများကို ရံခါ စောင့်ရှောက်ဆောက်တည်ခြင်း၊
၄။ အတုမရှိသော မြတ်စွာဘုရားရှင်၏ သာသနာတော်ထမ်း ရဟန်းသာမဏေစသည်တို့၌သာ အကြည်ညိုများခြင်း၊
၅။ မချုပ်မချယ် လွတ်လွတ်ကျွတ်ကျွတ် တရားတော်ကို နာယူကာ ကျင့်ကြံခြင်း၊
၆။ ဗုဒ္ဓ၏ သာသနာတော်မှတပါး အခြားသာသနာ၌ အလှူခံပုဂ္ဂိုလ်ကို မရှာခြင်း၊
၇။ မြတ်စွာဘုရား၏ တပည့်သားတို့အားသာ ရှေးဦးစွာ ပေးလှူလေ့ရှိခြင်း။