ကံ (၄) ပါး


(အကုသိုလ်ဖြစ်စေ၊ ကုသိုလ်ဖြစ်စေ)

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ - မျက်မှောက်ပစ္စက္ခ ဘဝတွင်ပင် အကျိုးပေးသောကံ။
၂။ ဥပပဇ္ဇဝေဒနီယကံ - အကုသိုလ်ဖြစ်စေ၊ ကုသိုလ်ဖြစ်စေ၊ ဒုတိယဘဝမှ အကျိုးပေးသောကံ။
၃။ အပရာပရိယဝေဒနီယကံ - တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ။
၄။ အဟောသိကံ - ၎င်းကာလ၌ အကျိုးမပေးရသည်ရှိသော် တစ်ပါးသော ကာလ၌လည်း အကျိုးမပေးတော့သောကံ။

တစ်နည်း

၁။ ဇနက ကံ - ပဋိသန္ဓေ၊ ပဝတ္တိအကျိုးကို ဖြစ်စေတတ်သော ကံ။
၂။ ဥပတ္ထမ္ဘက ကံ - ထောက်ပံ့တတ်သော ကံ။ အသက်ရှိသော်လည်း တိရစ္ဆာန်ဖြစ်ရုံမျှကံ။
၃။ ဥပပီဠကကံ - ကပ်၍ နှိပ်စက်တတ်သော ကံ။ (ဥပမာ - လူ၏အဖြစ်ကို ရပါသော်လည်း အမျိုးယုတ်ခြင်း၊ အင်္ဂါမစုံခြင်း။)
၄။ ဥပစ္ဆေက ကံ - ကပ်၍ ဖြတ်တတ်သော ကံ။ ( ဥပမာ - သက်တမ်းမကုန်ဘဲ သေရခြင်း။)

တစ်နည်း

၁။ ဂရုကံ - ကြီးလေးသောကံ၊ အမိကိုသတ်ခြင်း၊ အဖကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာတော်အချင်းချင်း ကွဲပြားစေခြင်း။
၂။ အာသန္နကံ - သေခါနီးကာလ၌ ပြုအပ် အောက်မေ့အပ်သောကံ။
၃။ အာစိဏ္ဏကံ - မပြတ်လေ့ကျက်အပ်သော ကံ၊ တစ်ကြိမ်တစ်ခါပင် ပြုမိသော်လည်း မပြတ်စွဲမြဲ အောက်မေ့အပ်သော ကံ။
၄။ ကဋတ္တာ ကံ - ရှေးရှေးဘဝက ပြုခဲ့ဖူးသောကံ။