ဂန္ဓာရီဝိဇ္ဇာမျိုး (၂) ပါး


၁။ စူဠဂန္ဓာရီ - ဖုတ်ကြီး ၄၀၊ ကဝေ ၉၉ နှင့်တကွ ၃၇ မင်း ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ စသော အောက်နတ် ပုဂ္ဂိုလ်တို့ကို စွဲ၍ ပြုလုပ်စီရင်ကြသော အင်း၊ အိုင်၊ မန္တန်ဂါထာ၊ မန္တရား၊ လက်ဖွဲ့၊ ခါးလှဲ့၊ မှော် စသော ပညာတတ်သူ မှော်ဆရာ၊ ပယောဂဆရာ၊ အောက်လမ်းဆရာ၊ အကြမ်းဆရာ စသည်မျိုး။
၂။ မဟာဂန္ဓာရီ - သူရဿတီမယ်တော်ကြီးမှ စ၍ ဒေဝီ (၂၀)၊ သာသနာစောင့်နတ်မင်းကြီး ငါးပါး၊ စတုလောကပါလ နတ်မင်းကြီးလေးပါး၊ ဘိုးတော်သိကြားမင်းမှစ၍ အထက်နတ် ဟူသမျှနှင့် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီတို့၏ အဖြစ်၊ ၎င်းတို့နှင့် သက်ဆိုင်သော၊ ပတ်သက်၍ရသော သိဒ္ဓိအကျိုးရှိသူ ဟူသမျှကို ဆိုသည်။