အမေး (၄) ပါး

၁။ ဧကံသဗျာကရဏီယပဉှာ - ဤကိုယ်သည် အနိစ္စလော၊ ကုသိုလ်သည် ကောင်းကျိုးပေးသလောဟု စ၍မေးခဲ့သော် တိုက်ရိုက်ဖြေအပ်သော အမေး။
၂။ ဝိဘဇ္ဇဗျာကရဏီယ - ဤကိုယ်သည် အနိစ္စလော စသည်အားဖြင့် မေးခဲ့သော် အကျယ်ဝေဖန်၍ ဖြေအပ်သော အမေး။
၃။ ပဋိပုစ္ဆာ ကရဏီယ - ဤကိုယ်သည် စက္ခုသောတ စသည်တို့သည် အတူတူလော စသည်အားဖြင့် မေးခဲ့သော် တစ်ဖန်ပြန်၍ မေး၍ဖြေအပ်သော မေးခွန်း။
၄။ ဌပနိယပဉှာ - ဘုရားနှင့် တရား မည်သည်က မြတ်သနည်း စသော မဖြေအပ်သည်ကို မေးသော မေးခွန်း။