အဏုမြူ (၄) ပါး

၁။ ရထရေဏုမြူ - သန်းတစ်ကောင်၏ ခုနစ်စိတ် တစ်စိတ်ဖြစ်သော၊ လိက္ခာမည်သော ပိုးတစ်ကောင်၏ သုံးဆယ့်ခြောက်စိတ်စိတ်သည့် တစ်စိတ်စာမျှဖြစ်သော၊ လှည်းရထားမောင်းသောအခါ ထသည့် ဖုန်နုမှုန့် ကလေးကိုခေါ်သည်။
၂။ တဇ္ဇာရီမြူ - ၎င်း ရထရေနုမြူတစ်လုံး၏ သုံးဆယ့်ခြောက်စိတ် တစ်စိတ်စာ ဖုန်နု။
၃။ အဏုမြူ - ၎င်းတဇ္ဇာရီမြူ၏သုံးဆယ့်ခြောက်စိတ် တစ်စိတ်စာဖြစ်၍ ပြတင်းနံရံစသည်မှ ဝင်သော နေရောင်အတွင်း၌ ထင်မြင်ရသည့် အမှုန်နု။
၄။ ပရမာဏုမြူ - ၎င်းအဏုမြူတစ်လုံး၏ သုံးဆယ့်ခြောက်စိတ် တစ်စိတ်ဖြစ်သည့် အမှုန်နု။(၎င်းကို သာမန်လူတို့၏ မျက်စိဖြင့် မမြင်ရ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့မှသာ မြင်ရသည်။