အဖျားရောဂါ ကပ်ငြိလတ္တံ့သော လက္ခဏာ (၁၄) ပါး


၁။ လုံ့လမရှိဘဲ မောပန်းခြင်း၊
၂။ စိတ်မကြည်သာခြင်း၊
၃။ အရေအဆင်း ဖောက်ပြန်ခြင်း၊
၄။ ခံတွင်း၌ အရာသာ ပျက်ခြင်း၊
၅။ မျက်ရေ နှာရေ မွှန်၍ ယိုထွက်ခြင်း၊
၆။ လေ နေပူစသော ဥတုကို အလိုမရှိခြင်း၊
၇။ အဖန်ဖန် သမ်းဝေခြင်း၊
၈။ ကိုယ်လက် ကိုက်ခဲခြင်း၊
၉။ ကိုယ်လက်လေးလံခြင်း၊
၁၀။ ကြက်သီးထခြင်း၊
၁၁။ နှုတ်မမြိန်ခြင်း၊
၁၂။ မိုက်ခြင်း မူးဝေခြင်း၊
၁၃။ ရုပ်ညှိုးနွမ်းခြင်း၊
၁၄။ ပူတုံ အေးတုံ မမျှခြင်း။