စက် (၄) ပါး


မင်္ဂလာတရားတော် (၃၈) ပါးမှ စက် (၄) ပါးကို ဆိုလိုသည်။
၁။ ပုဗ္ဗေစ ကတပုညတာ - ရှေး၌ ပြုဖူးသော ကောင်းမှုရှိသူ၏ အဖြစ်။
၂။ ပတိရူပဒေသဝါသ - သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်း။
၃။ သပ္ပုရိသူပနိဿယ - ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲခြင်း။
၄။ အတ္တသမ္မာပဏီဓီ - မကောင်းသောအမှုကို ပယ်စွန့်၍ ကောင်းသောအမှုကို ပြုခြင်း၌ စိတ်ခိုင်နိုင်ခြင်း။