ကံကြမ္မာ (၃၂) ပါး


၁။ ကြိမ်လုံးဖြင့် ရိုက်ခြင်း။
၂။ တုတ်လှံတံဖြင့် ရိုက်ခတ်ခြင်း။
၃။ ဝါးထက်ခြမ်းကွဲဖြင့် ရိုက်ခတ်ခြင်း။
၄။ လက်ကို ဖြတ်ခြင်း။
၅။ ခြေကို ဖြတ်ခြင်း။
၆။ လက်ခြေနှစ်ဖက်တို့ကို ဖြတ်ခြင်း။
၇။ နားကို ဖြတ်ခြင်း။
၈။ နှာခေါင်းကို ဖြတ်ခြင်း။
၉။ နား၊ နှာခေါင်း နှစ်ပါးတို့ကို ဖြတ်ခြင်း။
၁၀။ ဦးခေါင်းခွံကို ခွါ၍  ရဲရဲတောက်သော သံတွေရကို ဦးခေါင်း ပေါ်မှ လောင်းခြင်း။
၁၁။ ဦးခေါင်းခွံကို ခွါ၍ ဦးခေါင်းရိုးကို ဖြူအောင် ပွတ်ခြင်း။
၁၂။ ခံတွင်းကို သံညှပ်ဖြင့် ဖြဲ၍ အတွင်း၌ မီးရှို့ခြင်း။
၁၃။ ဆီဆွတ်သော ပုဆိုးဖြင့် ကိုယ်ကိုပတ်၍ မီးရှို့ခြင်း။
၁၄။ ဆီဆွတ်သော ပုဆိုးဖြင့် လက်ကိုပတ်၍ မီးရှို့ခြင်း။
၁၅။ တစ်ကိုယ်လုံး အရေကိုခွါခြင်း။
၁၆။ အထက်မှ အရေကို ခါးတိုင်ခွါ၍ ခါးမှအရေကို ခြေမျက်စိတိုင်အောင် ခွါခြင်း။
၁၇။ မြေ၌ ပက်လက် အိပ်စေ၍ ခြေနှစ်ဖက်၊ လက်နှစ်ဖက်တို့၌ သံစို့ရိုက်နှက်ခြင်း။
၁၈။ နှုတ်ခမ်းနှစ်ဖက်တို့၌ မြှော့ချိတ်ဖြင့် ချိတ်ဆွဲခြင်း။
၁၉။ တစ်ကိုယ်လုံး၌ အသားတို့ကို ဓားဖြင့် အတစ်အတစ် လှီးချခြင်း။
၂၀။ တစ်ကိုယ်လုံး၌ ဓားနှင့်မွှန်း၍ ဆားဖြင့် ပက်ခြင်း။
၂၁။ မြေ၌ တစ်စောင်း အိပ်စေပြီးလျှင် နား၌ သံစို့နှက်ခြင်း။
၂၂။ အရေကိုမခွါမူ၍ အရိုးများကြေမွအောင် ကျောက်တို့ဖြင့် ထုနှက်ခြင်း။
၂၃။ ကြိုက်ကြိုက်ဆူသော ဆီပူဖြင့် လောင်းခြင်း။
၂၄။ တိုင်၊ သစ်ပင် စသည်တို့၌ ချည်၍ ခွေးတို့ကို စားစေခြင်း။
၂၅။ တိုင်၊ သစ်ပင်တို့၌ ခြေကို  မြေနှင့်မထိစေဘဲ ချည်ပြီးလျှင် စအိုဒွါရမှ သတ်လျှိုခြင်း။
၂၆။ ဦးခေါင်းကို ဖြတ်ခြင်း။
၂၇။ ခြေလန် လက်လန် ချည်၍ ရင်ကို ပုဆိန်ဖြင့် ပေါက်ခြင်း။
၂၈။ ဆီအိုးကင်း၌ ထည့်၍ လှော်ခြင်း။
၂၉။ ကိုယ်အလယ်၌ နှစ်ပိုင်းဖြတ်ခြင်း။
၃၀။ ခြေကို မိုးမျှော်၍ ဦးခေါင်းစောက်ထိုး ထားခြင်း။
၃၁။ လက်ခြေ လေးဖက်တို့ကို ကြမ်းတမ်းသော ကြိုးတို့ဖြင့် လက်ပြန်တုပ်ခြင်း။
၃၂။ လက်ထိတ် ခြေထိတ်ခတ်၍ နှောင်အိမ်၌ ထားခြင်း။
(စလင်းဆရာတော် ပရိတ်ကြီးနိဿယမူ)