အစိန္တေယျတရား (၄) ပါး

မကြံစည်အပ်သော (အစိန္တေယျ) အကြောင်း (၄) ပါး
၁။ ဗုဒ္ဓဝိသယ - ဘုရားရှင်တို့၏ ဘုရားအရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
၂။ စျာနဝိသယ - စျာန်ရသော ပုဂ္ဂိုလ်တို့၏ စျာန်အရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
၃။ ကမ္မဝိပါက - ကံ၏ အကျိုးပေးခြင်းသည် မကြံစည်အပ်သောအရာ ဖြစ်၏။
၄။ လောကဝိသယ - ဤကမ္ဘာလောကကြီးသည် အဘယ်သူ ဖန်တီးထားသနည်း၊ သတ္တဝါတို့သည် အဘယ်သူဖန်တီးထားသနည်း၊
ရေ၊ မြေ၊ တော၊ တောင်၊ သမုဒ္ဒရာသည် အဘယ်သူဖန်တီးထားသနည်း (ဟု) ကြံစည်စိတ်ကူး၍ နေသော သူသည် စိတ်ပင်ပန်းရုံ ရူးသွပ်ရုံသာ ရှိတော့အံ့နည်း။
(စတုက္က အင်္ဂုတ္တိုရ် ၃ - အပဏ္ဏကဝဂ်၊ ၇- အစိန္တေယျသုတ်)