အလိုလိုက်သော အကြောင်း (၁၃) ပါး


၁။ အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့် လည်းကောင်း၊
၂။ ရန်သူကို ဥပါယ်တမျဉ်ဖြင့် လည်းကောင်း၊
၃။ အလိုရမက်ကြီးသူကို ဥစ္စာပေးသဖြင့် လည်းကောင်း၊
၄။ အစိုးရသူကို သူ့အမှုကိစ္စ ဆောင်ရွက်ပေးသဖြင့် လည်းကောင်း၊
၅။ ရသေ့ရဟန်းတို့ကို ရိုသေသဖြင့် လည်းကောင်း၊
၆။ သတို့သမီးကို ချစ်ခြင်းဖြင့် လည်းကောင်း၊
၇။ လက်အောက်ငယ်သားကို မျှတမှု ဂုဏ်ကျေးဇူးဖြင့် လည်းကောင်း၊
၈။ ဒေါသမျက်မာန်ကြီးသူကို ချီးမွမ်းခြင်းဖြင့် လည်းကောင်း၊
၉။ ဆရာကို ရှိခိုးရိုသေခြင်းဖြင့် လည်းကောင်း၊
၁၀။ သူမိုက်ကို လိုက်လျောသောစကားဖြင့် လည်းကောင်း၊
၁၁။ ပညာရှိကို အတတ်ပညာပေးခြင်းဖြင့် လည်းကောင်း၊
၁၂။ အစားကြူးသူကို အရသာပေးခြင်းဖြင့် လည်းကောင်း၊
၁၃။ အလုံးစုံသောသူကို အကျင့်သီလဖြင့် လည်းကောင်း အလိုလိုက်ရာ၏။