ကုန်ဘောင်မင်း (၁၁) ဆက်

၁။ အလောင်းဘုရား၊ ၁၁၁၄ ခုနှစ် နန်းတက်။ စည်းစိမ် (၈) နှစ်၊ အိမ်နိမ့် (၃၈) နှစ်၊ ငယ်နာမည် ဦးအောင်ဇေယျ၊ သောကြာသား။

၂။ (၎င်း၏သား) နောင်တော်ကြီး၊ ၁၁၂၂ နှစ်၊ နန်းတက်။ စည်းစိမ် (၃) နှစ်၊ အိမ်နိမ့် (၂၆) နှစ်၊ ငယ်မည် မောင်ကောက်၊ အင်္ဂါသား။
၃။ (၎င်း၏ညီ) ဆင်ဖြူရှင်မင်း၊ ၁၁၂၅ ခုနှစ် နန်းတက်။ စည်းစိမ် (၁၃) နှစ်၊ အိမ်နိမ့်(၂၇) နှစ်၊ ငယ်မည် မောင်ရွ၊ တနင်္ဂနွေသား။
၄။ (၎င်း၏သား) စဉ့်ကူးမင်း၊ ၁၁၃၈ ခုနှစ် နန်းတက်။ စည်းစိမ် (၆) နှစ်၊ အိမ်နိမ့် (၂၀) နှစ်၊ ငယ်မည် မောင်ရဲလှ၊ တနင်းလာသား။
၅။ (နောင်တော်ကြီး၏သား) ဖေါင်ကားမင်း၊ ၁၁၄၃ ခုနှစ် နန်းတက်။ စည်းစိမ် (၇) ရက်၊ အိမ်နိမ့် (၈)နှစ်၊ ငယ်မည် မောင်မောင်၊ ကြာသပတေးသား။
၆။ (အလောင်းဘုရား၏သား) ပဒုံမင်း၊ ၁၁၄၃ ခုနှစ် နန်တက်။စည်းစိမ် (၃၇) နှစ်၊ အိမ်နိမ့် (၃၈) နှစ်၊ ငယ်မည် မောင်ဝိုင်း၊ တနင်းလာသား။
၇။ (၎င်း၏မြေး) မှန်နန်းရှင်၊ ၁၁၈၁ ခုနှစ် နန်းတက်။ စည်းစိမ် (၁၈) နှစ်၊ အိမ်နိမ့် (၃၅) နှစ်၊ ငယ်မည် မောင်စိန်၊ သောကြာသား။
၈။ (၎င်း၏ညီ) ကုန်းဘောင်မင်း၊ ၁၁၉၉ ခုနှစ် နန်းတက်။ စည်းစိမ် (၉) နှစ်၊ အိမ်နိမ့် (၅၀)နှစ်၊ ငယ်မည် မောင်ခင်၊ ဗုဒ္ဓဟူးသား။
၉။ (၎င်း၏သား) ပုဂံမင်း၊ ၁၂၀၈ ခုနှစ် နန်းတက်။ စည်းစိမ် (၆) နှစ်၊ အိမ်နိမ့် (၃၅) နှစ်၊ ငယ်မည် မောင်ထောင်၊ သောကြာသား။
၁၀။ (၎င်း၏ညီ) မင်းတုန်းမင်း၊ ၁၂၁၄ ခုနှစ် နန်တက်။ စည်းစိမ် (၂၆) နှစ်၊ အိမ်နိမ့် (၃၈) နှစ်၊ ငယ်မည် မောင်လွင်၊ အင်္ဂါသား။
၁၁။ (၎င်း၏သား) သီပေါမင်း၊ ၁၂၄၀ ခုနှစ် နန်တက်။ စည်းစိမ် (၇) နှစ်၊ အိမ်နိမ့် (၂၀) နှစ်၊ ငယ်မည် မောင်ထွန်းအေး၊ စနေသား။


ကုန်ဘောင်မင်း (၁၁) ဆက်၊သို့မဟုတ် (၁၅) ဆက်သော မင်းတို့၏ နေ့နံများကား အောက်ပါအတိုင်းဖြစ်သည်။
သစ်၊ စာ၊ အ၊ ကျင့်၊ မှန်၊ ကု၊ သ၊ လာ၊ သစ်၊ စံ၊ တ၊ မံ၊ အ၊ စောင့်၊ ထား။ မုဆိုးတကျိပ်ငါးဟု စာဆိုရှိခဲ့၏။ ယင်းစာဆိုအရ ကုန်းဘောင်မင်း သီပေါမင်းလက်ထက်၌ မင်းဆက်ပြတ်ခဲ့၏။ ကျန်လေးဆက်ကား ဖော်မပြနိုင်တော့ပေ။ သို့ကြောင့်မင်းဆက်မပြတ်မီ သီပေါမင်းလက်ထက်၌ တပေါင်ပေါ်လာသည်ကား-တုံးအောက်ကတီတွန်၊ လူလွန်မသား၊ မုန့်ဆီကြော် အလယ်အက်၊ ပြည်ပျက်မဲ့သားဟု တပေါင်ပေါ်ခဲ့၏။

မှတ်ချက် ။ ။ မင်းတုန်းဘုရား၏ သားတော်အများထဲမှ ထီးနန်းရထိုက်သော သားတော်အကြီးတွေရှိနေလျက်၊ အောက်လူ (အငယ်) ဖြစ်သော တီ စနေသား၊ သီပေါက ထီးနန်းကိုရသွားသဖြင့် တုံးအောက်က တီတွန်ဟု တပေါင်ကဆိုသည်။ နောက်သီပေါမင်းသားသည်၊ လူထက်လွန်ကဲ၍ ဖြစ်သောရဟန်းမှ လူထွက်လာသူဖြစ်သောကြောင့်၊ လူလွန်မှသားဟု တပေါင်ကဆိုပြန်သည်။ တဖန် နန်းတွင်းအရေးအခင်းတွင် ဝန်ကြီးများ၌ ကင်းဝန်မင်းကြီးအုပ်စုနှင့် တိုင်းတာမင်းကြီးအုပ်စုတို့ မညီမညွတ်ဖြစ်လျက် စိတ်ဝမ်းကွဲနေကြသဖြင့်၊ မုန့်ဆီကြော်အလယ်အက်၊ ပြည်ပျက်မဲ့သား ဟု တပေါင်ပေါ်လာခြင်း ဖြစ်တော့သည်။