အဝေရာဒိကမေတ္တာ (၇) ပါး


၁။ အဝေရာ ဟောန္တု - ရန်မရှိကြပါစေကုန်သတည်း။
၂။ အဗျာပဇ္ဇာ ဟောန္တု - စိုးရိမ်ကြောင့်ကြ ဗျာပါဒ မရှိကြပါစေကုန်သတည်း။
၃။ အနီဃာ ဟောန္တု - ဆင်းရဲခြင်း ကင်းကြပါစေကုန်သတည်း။
၄။ သုခီအတ္တာနံ ပရိဟရန္တု - မိမိကိုယ်ကို ချမ်းသာစွာ ဆောင်ရွက်ကြပါစေ ကုန်သတည်း။
၅။ ဒုက္ခာ မုစ္စန္တု - ဆင်းရဲဒုက္ခမှ ကျွတ်လွတ်ကြပါစေကုန်သတည်း။
၆။ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု - ရပြီး ရအပ်သော စည်းစိမ်ချမ်းသာတို့မှ မပျောက်မပျက် ကြပါစေကုန်သတည်း။
၇။ ကမ္မဿကာ - သတ္တဝါ အပေါင်းတို့သည် ကံသာလျှင် မိမိဥစ္စာရှိကြကုန်၏။