ကောသလ အိပ်မက် (၁၆) ချက် လင်္ကာ

ဘုရင်မေး (၁) - နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွှဲသည်မြင်။
ဘုရားဖြေ - အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး၊ မိုးဝေးလွင့်ပျောက်စင်။

မေး (၂) - မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။
ဖြေ - အရွယ်မမျှ၊ လုံမပျိုခင်၊ သမီးသား၊ လင်သားအိမ်ထောင်ဆင်။

မေး (၃) - ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
ဖြေ - သမီးနှင့်သား ၊ စီးပွားပိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

မေး (၄) - နွားကြီးမကြိုက်၊ ဝန်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။
ဖြေ - ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

မေး (၅) - ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မဝနိုင်ပါ။
ဖြေ - မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ။

မေး (၆) - ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
ဖြေ - မျိုးမြတ်သမီးပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

မေး (၇) - ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးကာမျို။
ဖြေ - လင်ကြီး ပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို။

မေး (၈) - အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
ဖြေ - ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

မေး (၉) - ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဖက်ကြည်ပြန်။
ဖြေ - မြို့တွင်း ပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

မေး (၁၀) - တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
ဖြေ - မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

မေး (၁၁) - မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
ဖြေ - အလဇ္ဇီများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

မေး (၁၂) - သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
ဖြေ - ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။

မေး (၁၃) - အိမ်လုံးတောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား ထင်ရှားပေါ်လာ။
ဖြေ - ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ။

မေး (၁၄) - အဆိပ် ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျို။
ဖြေ - ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

မေး (၁၅) - အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေင်္ဟသာများ၊ ခစားနေရှာ။
ဖြေ - ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။

မေး (၁၆) - ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်ထန်၊ ခြင်္သေ့၊ သစ်၊ ကျား၊ ခုန်လွှားပြေးပြန်။
ဖြေ - သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ။
 

(၅၅၀ - မဟာသုပိနဇာတ်)