အရှင်အာနန္ဒာရသောဆု (၈) ပါး


၁။ မြတ်စွာဘုရားသာလျှင်သုံးဆောင်အပ်သော မွန်မြတ်သော ပရိက္ခရာများနှင့် မချီးမြှောက်ပါနှင့်။
၂။ မြတ်စွာဘုရားသာလျှင်သုံးဆောင်အပ်သော မွန်မြတ်သော ဆွမ်းခဲဘွယ်များနှင့် မချီးမြှောက်ပါနှင့်။
၃။ မြတ်စွာဘုရားသာလျှင်ကျိုန်းစက်အပ်သော ဂန္ဓကုဋီတိုက်အတွင်း၌အကျွန်ုပ်အား ခေါ်၍မသိပါနှင့်။
၄။ ဆွမ်းပင့်ဖိတ်သော အိမ်သို့ကျွန်ုပ်အား အမြဲတစေခေါ်၍မကြွပါနှင့်။ (ထိုဆုလေးပါးသည် အလိုမရှိသော ဆုလေးပါးဖြစ်သည်။)
၅။ အကျွန်ုပ်တာဝန်ခံလိုက်သော ဆွမ်းကို ခံယူပါမည့်အကြောင်း။
၆။ ရပ်ဝေးရပ်နီးမှလာသော ဘုရားဖူးပရိသတ်များသည် ကျွန်ုပ်ထံခွင့်ပန်၍ ဘုရားဖူးရန် ခွင့်တောင်းသည့်အခါဖူးခွင့်ပြုပါမည့်အကြောင်း။
၇။ အကျွန်ုပ်သည် သုတ်လောဝိနည်းလောဟုတစုံတခုသောတရားများကိုမဝေခွိနိုင်ပါက မေးလျှောက်ရန် ခွင့်ပြုပါမည့်အကြောင်း။
၈။ ကျွန်ုပ်၏ကွယ်ရာ၌ ဟောထားသောတရားများက အခါအခွင့်ရတိုင်းအကျွန်ုပ်အား တဖန်ပြန်၍ ဟောပြောပါမည့်အကြောင်း။
(ထိုဆုလေးပါးသည် အလိုရှိသော ဆုလေးပါးဖြစ်သည်။)
(၅၅၀ - ဇုဏှံဇာတ်)