ငါးပါးသီလ (၅) မျိုး

၁။ ပါဏတိပါတ - သူ့အသက်ကို လျင်စွာ သတ်ခြင်း။ ၂။ အဒိန္နာဒါန - အရှင်မပေးသည့် ဥစ္စာကို ယူခြင်း။ ၃။ ကာမေသုမိစ္ဆာစာရ - ကိလေသာ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်း။ ၄။ မုသာဝါဒ - မဟုတ်မမှန်သောစကား ပြောဆိုခြင်း။ ၅။ သုရာမေရယ - သုရာ (၅) ပါး မေရယ (၅) ပါး၊ ဆယ်ပါး အရက်ကို သောက်ခြင်း။ (ပဉ္စကအင်္ဂုတ္တိုရ် ၃ - ဥပါသကဝဂ်၊ ၁ - သာရဇ္ဇ သုတ်)