ကမ္ဘာကပ် (၄) မျိုး

၁။ အာယုကပ် - (၁၀) နှစ်တမ်း၊ (၁၀၀) နှစ်တမ်း စသည်အားဖြင့် အသင်္ချေယျသို့တိုင်အောင် အဆင့်ဆင့်တက်၍ အသင်္ချေယျမှ အဆင့်ဆင့်ပြန်ဆင်းသော ၁၀နှစ်တမ်း၊ ၁၀၀ နှစ်တမ်း စသည့် တကန့်တကန့်ကို အာယုကပ်တကပ် ဟုခေါ်၏။
၂။ အန္တရကပ် - ၁၀နှစ်တမ်းမှသည် အသင်္ချေယျသို့ တက်၍ ထိုမှတဖန်ပြန်ဆင်း၍ ၁၀ နှစ်တမ်းသို့ ပြန်ရောက်သည်ကို အန္တရကပ်ဟု ခေါ်၏။
၃။ အသင်္ချေယျကပ် - အန္တရကပ် (၆၄) ကြိမ်ပြည့်မြောက်ပါက အသင်္ချေယျတကပ် ဖြစ်၏။
၄။ မဟာကပ် - အသင်္ချေယျ လေးကပ်ပြည့်သည်ကို မဟာကပ် တကပ်ဟု ခေါ်၏။ (သို့မဟုတ်) တစ်ကမ္ဘာဟုလည်းခေါ်၏။