စရဏတရား (၁၅) ပါး


၁။ သီလသံဝရ - သီလကို လုံခြုံစွာ စောင့်ရှောက်ထိန်းသိမ်းခြင်း။
၂။ ဣန္ဒြိယသံဝရ - မျက်စိစသော ဣန္ဒြေ ၆ ပါး ကို လုံခြုံစွာစောင့်ရှောက် ထိန်းသိမ်းခြင်း။
၃။ ဘောဇနေ မတ္တညုတာ - စားသောက်ရာ၌ အတိုင်းအရှည်ကို သိခြင်း။

၄။ ဇာဂရိယာ နုယောဂတာ - နိုးကြားခြင်းနှင့် ယှဉ်သော ဝီရိယရှိခြင်း။
၅။ သဒ္ဓါ - ရတနာသုံးပါးနှင့်တကွ ကံ- ကံ၏ အကျိုးကို ယုံကြည်ခြင်း။

၆။ သတိ - ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း။
၇။ ဟီရိ - မကောင်းမှု ပြုလုပ်ရန် ရှက်ခြင်း။
၈။ ဩတ္တပ္ပ - မကောင်းမှု ပြုလုပ်ရန် ကြောက်ခြင်း။ 
၉။ ဗာဟုသစ္စ - အကြားအမြင်များခြင်း။
၁၀။ ဝီရိယ - အားထုတ် လုံ့လပြုခြင်း။
၁၁။ ပညာ - ကောင်းစွာ သိမြင်ခြင်း။
၁၂။ ပထမစျာန် - ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ အင်္ဂါငါးပါးရှိ၏။
၁၃။ ဒုတိယစျာန် - ပီတိ၊ သုခ၊ ဧကဂ္ဂတာ အင်္ဂါသုံးပါး ရှိ၏။
၁၄။ တတိယစျာန် - သုခ၊ ဧကဂ္ဂတာ အင်္ဂါ နှစ်ပါး ရှိ၏။
၁၅။ စတုတ္ထစျာန် - ဥပေက္ခာ၊ ဧကဂ္ဂတာ အင်္ဂါနှစ်ပါး ရှိ၏။